Connect with us

Environment, Disasters & Accidents

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ၁၇ ဦးဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ၁၇ ဦး(ကျား ၇၊ မ ၁၀)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နံနက်ဝရး၃၀နာရီတွင် တပ်ကုန်းမြို့နယ်၊ သော်တာကျေးရွာအနီး တပ်ကုန်း-အမြန်လမ်းမကြီးသွားကားလမ်း မိုင်တိုင်(ဝ/၅-၆)ကြား၌ အမြန်လမ်းမှ တပ်ကုန်းသို့ ဦးထွန်းဝင်း(၅၄)နှစ် မောင်းနှင်ပြီး ဦးကျော်ဝင်း(၅၂)နှစ် လိုက်ပါလာသည့် 5K/×××× Mazada Titan ၆ ဘီးယာဉ်နှင့် တပ်ကုန်းမှအမြန်လမ်းသို့ ရဲဝင်းထွန်း(၂၅)နှစ် မောင်းနှင်ပြီး ဖြိုးမောင်(၂၀)နှစ်ပါ နေ့စားအလုပ်သမား (ဆည်/မြောင်း) ၁၅ ဦး(ကျား ၅၊ မ ၁၀)တို့ လိုက်ပါလာသည့် 6H/××××Canter ၆ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ Canter ယာဉ်မှာ လမ်းယာဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် အဆိုပါယာဉ် ၂ စီးပေါ်တွင် လိုက်ပါလာသည့် ဦးထွန်းဝင်းအပါအဝင် ၁၇ ဦး(ကျား ၇၊ မ ၁၀)တို့တွင် ယာ နားထင်၊ ရင်ဘတ်၊ ဝဲ/ယာ ခြေလက် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့၍ တပ်ကုန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး၊ ဦးထွန်းဝင်းနှင့် ရဲဝင်းထွန်း(ဖမ်းမိ)တို့အား တပ်ကုန်း မြို့နယ်ရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈(ပေါ့လျော့မှုကြောင့် သာမန်/ပြင်းထန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.