Connect with us

Environment, Disasters & Accidents

ငလျင်တစ်ရက်တည်း ၂ ကြိမ်လှုပ်ရှား

မြေငလျင် ဗဟိုချက်ပြ မြေပုံအား တွေ့ရစဉ်(ဓာတ်ပုံ-မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယနေ့ တစ်ရက် တည်းတွင် ငလျင် ၂ ကြိမ် လှုပ်ရှားခဲ့ကြောင်း ၊ ဖောင်းပြင်မြို့ ၏ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာ စကေး (၄.ဝ)အဆင့်ရှိ ငလျင်သည် ယနေ့အတွက် ဒုတိယအကြိမ်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆင်ဟွာကိုပြောသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၅၃)မိနစ် (၀၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၉)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့ အရှေ့မြောက်ဘက်(၃၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၄.၇၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၀၇ ဒီဂရီ၊ အနက် (၁၀၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်း မိုးဇလ မှ သတင်းထုတ်ပြန်ခဲ့သည်။ယနေ့ နေ့လည် ၁၂ နာရီ ၂၂ မိနစ် ၂၀ စက္ကန့်တွင် ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် (၃၈)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.