Connect with us

Environment, Disasters & Accidents

ပေါက်တောမြို့နယ်၌ ငါးဖမ်းစက်လှေအား ကုန်တင်သင်္ဘောမှ ဝင်ရောက် တိုက်မိမှုကြောင့် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရနှင့် ၄ ဦး ပျောက်ဆုံး

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ပေါက်တောမြို့နယ်၌ ငါးဖမ်းစက်လှေအား ကုန်တင်သင်္ဘောမှ ဝင်ရောက် တိုက်မိမှုကြောင့် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရနှင့် ၄ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက်၀၃း၀၀နာရီ အချိန် ပေါက်တောမြို့နယ် အနောက် ဖရုံကာကျွန်းအနောက်ဘက် ကြွီပြင်ကျေးရွာနှင့် ဖောင်းဂါကျေးရွာကြား ပင်လယ်ပြင် ခန့်မှန်း DT-950115 ၌ ဦးအောင်စိန်မြ(၅၁)နှစ် မောင်းနှင်သည့် အလျား ၄၀ ပေ၊ အနံ ၁၅ ပေ၊ ရေစူး ၅ ပေခန့်ရှိ သစ်သားကိုယ်ထည် ငါးဖမ်းစက်လှေသည် ကျောက်ချရပ်နားနေစဉ် ရန်ကုန်မှ စစ်တွေ သို့ ဦးခင်ဌေး(၅၃)နှစ် အပါအဝင် ၂ ဦး မောင်းနှင်လာသော “ထာဝရမေတ္တာ”ကုန်တင်သင်္ဘောမှ ဝင်ရောက်တိုက်မိကာ ဆက်လက်မောင်းနှင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်တင်သင်္ဘောတိုက်မိမှုကြောင့် စက်လှေမှာ နစ်မြုပ် သွားပြီး စက်လှေမောင်း ဦးအောင်စိန်မြတွင် ချိုစောင်းပေါက်ပြဲ၊ ရင်ညွန့် ညိုမဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး၊ စက်လှေပိုင်ရှင် ဦးလှရွှေသန်း (၄၃)နှစ် တွင် ဝဲပေါင်ပြတ်ရှ ဒဏ်ရာ(မစိုးရိမ်ရ)၊ စက်လှေ လုပ်သား ခင်မောင်ရွှေ(၃၅)နှစ် အပါအဝင် ၇ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ ခင်မောင်ဦး(၂၇)နှစ် အပါအဝင် ၄ ဦးမှာ ပျောက်ဆုံးနေ သဖြင့် ဆင်တက်မော် ရဲကင်းစခန်းမှူး ဦးစီးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပူးပေါင်း၍ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

၁၅း၁၅ နာရီ အချိန်တွင် “ထာဝရမေတ္တာ”ကုန်တင်သင်္ဘောမှ ကုန်တင် ရေယာဉ် ပဲ့နင်းငယ် မောင်းနှင်သူ အေးသူ(၂၆)နှစ် နှင့် ပဲ့နင်းကြီး မောင်းနှင်သူ ဦးခင်ဌေး(ဖမ်းမိ)တို့အား ပေါက်တောမြို့မ ရဲစခန်းမှ (ပ)၇/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၀ (ပေါ့လျော့မှု ကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု/ ရေယာဉ်ကို အရမ်းဦးစီးမောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.