Environment, Disasters & Accidents
စက်တင်ဘာလ ၁၄ ရက်နေ့အထိ ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိသည့် ဆည်/တမံ (၃၇) ခုရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
စက်တင်ဘာလ ၁၄ ရက်နေ့အထိ သတ်မှတ်ကန်ရေပြည့်အမှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိသည့် ဆည်/တမံ (၃၇) ခုရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ရှိသည့် ဆည်/တမံများ အနက် အချို့ သော ဆည်/တမံများမှာ မိုးရွာသွန်းမှုအားကောင်း၍ သတ်မှတ်ကန်ရေပြည့် ပမာဏ ကျော်လွန်ကာ ရေပိုလွှဲများမှ ရေကျော် ကျလျက်ရှိကြောင်း သိရသည်။ (Xinhua)