Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးအနား၌ရှိသည့် မြစ်ချောင်းများမှရေကို သန့်စင်ပြီး သုံးစွဲရန် လေ့လာမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန်ပြောကြား

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးအနား၌ရှိသည့် ရေရရှိရာ မြစ်ချောင်းများမှရေကို သန့်စင်ပြီး သုံးစွဲရန် အသင့်ရှိသည့်ရေအဖြစ် ဖြန့်ဖြူးရန် လေ့လာမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးအနား၌ရှိသည့် ရေရရှိရာ မြစ်ချောင်းများမှရေကို သန့်စင်ပြီး သုံးစွဲရန် အသင့်ရှိသည့်ရေအဖြစ် ဖြန့်ဖြူးရန် လေ့လာမှုများဆောင်ရွက်နေကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြစ်ရေချိုနဲ့ ရေချိုရတဲ့ ဧရိယာတွေမှာဆိုရင် Physical Survey တွေလည်း လုပ်ပါတယ်။ ထို့အတူပဲ လှိုင်သာယာဘက်ကိုလည်း Physical Study တွေကို ရေးဆွဲပြီးတော့ လုပ်နေပါတယ်။ ဒါက ရေတိုအတွက်ပါ။ အနီးအနားမှာ ရှိတဲ့ ရေရရှိရာ မြစ်ချောင်းတွေရဲ့ source ကနေပြီးတော့ ရေကိုပြန်ပြီးတော့ သန့်စင်ပြီး သုံးစွဲနိုင်ရန် အသင့်ရှိတဲ့ရေအဖြစ် ဖြန့်ဖြူးဖို့လည်း Physical Survey တွေလည်း လုပ်နေပါတယ်။ အဲ့ဒီအတွက်လည်း ၂၀၁၉-၂၀၂၀ လောက်ကို ဖြန့်ဖြူးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

“လှိုင်သာယာမြို့နယ်အတွင်း နေထိုင်ကျတဲ့ပြည်သူများ သောက်သုံးရေရရှိရေးအတွက် ရန်ကုန်မြို့ တော် ရေပေးဝေရေးစနစ်နဲ့ ချိတ်ဆက်ပြီးတော့ သောက်သုံးရေ ဖြန့်ဝေပေးဖို့ ကိစ္စရပ်နဲ့ပတ်သက်ပြီး မလွဲမသွေကို လုပ်ရမယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် အစီအစဉ်ရှိပါတယ်” ဟု မြို့တော်ဝန်က ပြောသည်။

လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်၏ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ်နှင့် ချိတ်ဆက်၍ သောက်သုံးရေဖြန့်ဝေပေးရန် အစီအစဉ်ရှိ၊ မရှိ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုက္ကိုလ်ဝ မြစ်ရေတင် သန့်စင်ရေး စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းတည်ရှိရာ မြေပြုပြင်ရေးလုပ်ငန်းများစတင်ပြီး ၂၀၂၅တွင်တည်ဆောက်ရေးလုပ်ငန်းများကို အပြီးသတ်ရန်လျာထားကြာင်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူကာ စီမံကိန်း၊ Colsultant Design နှင့် Contractor Tender တွေခေါ်ယူရန်လည်း ပြင်ဆင်ဆောင်ရွက်ကာ စီမံကိန်းပြီးဆုံးမည့် ၂၀၂၅ မှစတင်ကာ လှိုင်သာယာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ ကမာရွတ်၊ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ ဗဟန်း၊ စမ်းချောင်းနှင့် ဆိပ်ကမ်းမြို့နယ်များ ကို ရေပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ကြောင်းဦးမောင်မောင်စိုးကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.