Connect with us

Environment, Disasters & Accidents

တောင်ငူမြို့အနီး အင်အား ၄.၂အဆင့်ရှိ မြေငလျင်လှုပ်

ငလျင်လှုပ်ခတ်ရာပြ မြေပုံဇယားအားတွေ့ရစဉ်(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တောင်ငူမြို့၏ အရှေ့မြောက်ဘက် ၃၃မိုင်အကွာတွင် ယနေ့ ည၈နာရီ ၅၃ မိနစ် က အင်အား ၄.၂အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၅၃)မိနစ်၊ (၀၁)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၅၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်ငူမြို့၏ အရှေ့မြောက် ဘက် (၃၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၉.၂၉ ဒီဂရီ၊ အရှေ့ လောင် ဂျီတွဒ် ၉၆.၇၄ ဒီဂရီ၊ အနက်(၁၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)