Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်အား ၄.၂အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ငလျင်လှုပ်ခတ်ရာပြ ဇယားအားတွေ့ရစဉ်(မိုးဇလ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် ယနေ့ နံနက် ၁နာရီကျော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

“ မုံရွာမြို့ပေါ်တော့ ငလျင်လှုပ်လိုက်တာ သိလိုက်တယ်၊ အရမ်းတော့ မပြင်းပါဘူး”ဟု မုံရွာမြို့ခံတစ်ဦးက ဆိုသည်။ယနေ့ မြန်မာစံတော်ချိန် (၀၁)နာရီ (၄၇)မိနစ် (၃၁) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မုံရွာမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၂၀)ဒီဂရီ၊ အရှေ့ လောင်ဂျီ တွဒ် (၉၄.၉၅)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117