Environment, Disasters & Accidents
ပျက်ကျ Y-8 လေယာဉ် ကိုယ်ထည်အလူမီနီယံ အစိတ်အပိုင်းများ ထပ်မံ ဆယ်ယူ ရရှိ

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)
တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့်ရှာဖွေတွေ့ရှိသော နေရာများသို့ ဒေသခံငါးဖမ်းစက်လှေများက ပိုက်ဖြင့် တရွတ်ဆွဲ ရှာဖွေခြင်းများပြုလုပ်ခဲ့ရာ ပျက်ကျ Y-8 လေယာဉ် ကိုယ်ထည်အလူမီနီယံ အစိတ်အပိုင်းများအား ဇူလိုင် ၁၂ ရက်တွင် ထပ်မံဆယ်ယူရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။
ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိအစိတ်အပိုင်းများအား ထပ်မံဆယ်ယူရရှိရေး အတွက် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်း၍ လေယာဉ် အမြီးပိုင်းတွေ့ရှိသည့် နေရာအနီး တစ်ဝိုက်၌ ဇူလိုင် ၁၂ ရက်တွင် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)