Connect with us

Environment, Disasters & Accidents

နှစ်နှစ်အတွင်း သစ်တန်ချိန် ၉၆၀၀၀ ကျော် ဖမ်းဆီးရရှိခဲ့ဟု ဆို

မြန်မာနိုင်ငံရှိ သစ်တောများမှ ထုတ်လုပ်နေသော သစ်အမျိုးမျိုးတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် နှစ်နှစ်တာအတွင်း သစ်တန်ပေါင်း ၉၆၁၇၉ တန် ဖမ်းဆီးရရှိခဲ့သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်မှာ ပုံစံ (၈) ဝင် ဖမ်းဆီးရမိသစ် ၄၆၁၅၃ တန်၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ ၅၀၀၂၆ တန် စုစုပေါင်း ၉၆၁၇၉ တန် ရှိခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ် လှိုင်းဘွဲ့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၏ အမေးကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်အတွင်း သစ်ဖမ်းဆီး အမှုပေါင်း ၁၅၂၄၃ မှုမှ ပြီးပြတ်သော အမှုပေါင်း ၁၃၉၅၇ မှု ရှိခဲ့ပြီး အဆိုပါ ပြီးပြတ်အမှုများမှ ရရှိသည့် သစ်လုံးခွဲသားတန် ၃၄၂၂၁ တန်၊ တန်ဖိုးအားဖြင့် ကျပ် ၃ ဒသမ ၈၅၂၆ ဘီလျံ ရှိကြောင်း၊ ၂၀၁၆ – ၁၇ အတွင်း ဖမ်းဆီးအမှု ၁၆၃၂၀ မှုမှ ပြီးပြတ်အမှု ၁၅၁၆၆ မှု ရှိပြီး အဆိုပါ ပြီးပြတ်အမှုများမှ ရရှိသည့် သစ်လုံးခွဲသားတန် ၅၀၂၄၅ တန်၊ တန်ဖိုးအားဖြင့် ကျပ် ၅ ဒသမ ၃၁၅၈ ဘီလျံ ရှိကြောင်း ၎င်းက ရှင်းပြခဲ့သည်။

တရားမဝင်သစ်များ ရှာဖွေ ဖော်ထုတ် ဖမ်းဆီးရာတွင် ရန်ပြုတိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိသူ သေဆုံး သူ နိုင်ငံ့ဝန်ထမ်းများ ရှိခဲ့ရာ ၂၀၀၂ – ၂၀၀၃ ခုနှစ်မှ ၂၀၁၆ – ၂၀၁၇ ခုနှစ် အတွင်း လက်ထောက် ညွှန်ကြားရေးမှူး အဆင့် သေဆုံး တစ်ဦးနှင့် ဒဏ်ရာရ တစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တရားမဝင်သစ်များ ရှာဖွေ ဖော်ထုတ် ဖမ်းဆီးနိုင်ရန် သတင်းပေးသူအား ဖမ်းမိသစ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးသည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်အား ၁၀ ရာခိုင်နှုန်းဖြင့် ၂၀၁၇ မတ်လကုန်အထိ သတ်မှတ် ချီးမြှင့်ခဲ့ကြောင်း၊ ၂၀၁၇ ဧပြီလ မှ စပြီး သတင်းပေးသူအား ဖမ်းမိ သစ် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း၊ ဖမ်းဆီးသည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်အား ၃၀ ရာခိုင်နှုန်း ဟုလည်းကောင်း တိုးမြှင့် ချီးမြှင့်လျက် ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.