Environment, Disasters & Accidents
ပြင်းအား ရစ်ချ်တာ စကေး (၂.၆) အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် မြန်မာစံတော်ချိန် (၀၀း၃၁) နာရီ အချိန်ခန့်တွင် ပြင်းအား ရစ်ချ်တာစကေး (၂.၆) အဆင့်ရှိသည့် အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့၏ အရှေ့တောင်ဘက် (၄၅) မိုင်ခန့် ကွာဝေးသော ပြည်တွင်း တစ်နေရာကို ဗဟိုပြု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။ (Xinhua)