Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက် လာခြင်းကြောင့် သဲသောင်ခုံရှိ လူနေအိမ်များနှင့် လွန်းတင်လျက်ရှိသော ရှပ်ပြေးရေယာဉ်များ နစ်မြုပ်ခဲ့

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုအား တွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက် လာခြင်းကြောင့် သဲသောင်ခုံတွင် နေထိုင်ကြသော လူနေအိမ်များနှင့် သဲသောင်ခုံတွင် လွန်းတင်လျက်ရှိသော ရှပ်ပြေးရေယာဉ်များ နစ်မြုပ်ခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရေခဲတောင်အရည်ပျော်ချိန်တွင် အနောက်ဘက်က လာသည့် လေပွေလှိုင်းများသည် မြန်မာပြည်မြောက်ပိုင်း သို့ ဝင်ရောက်လာခဲ့ကြောင်း၊ လေပွေလှိုင်းများနှင့်အတူ မိုးတိမ်များပါလာသဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်း ခဲ့ခြင်းကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက် လာခဲ့ရကြောင်း၊ ဗန်းမော်ခရိုင် မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

ဗန်းမော်မြို့၌ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ၃၄ဝ စင်တီမီတာရှိရာမှ ဖေဖော်ဝါရီ ၂၄ ရက် တိုင်းထွာချက်အရ နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိ ၅၈၃ စင်တီမီတာရှိကြောင်း၊ ဗန်းမော်မြို့၌ ဧရာဝတီ မြစ်ရေသည် ရှစ်ပေခန့် မြင့်တက် လာခဲ့ကြောင်း ခရိုင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဧရာဝတီမြစ်ရေမြင့်တက်လာခဲ့ခြင်းကြောင့် ဗန်းမော် မြို့ မြေနုဆိပ်ကမ်းရှိ လူနေအိမ်များနှင့် သဲသောင်ခုံတွင် လွန်းတင်လျက်ရှိသော ကြံတိုင်းအောင်နှင့် အောင် ငြိမ်းချမ်း ရှပ်ပြေးရေယာဉ်များ နစ်မြုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.