Environment, Disasters & Accidents
ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ကိုးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မင်္ဂလာတော်ဝင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ပိုင် မြေစာပုံ ကမ်းပါးပြိုကျမှုကြောင့် လူ ကိုးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
အဆိုပါ ပေ ၃၀၀ခန့် မြင့်သော မြေစာပုံသည် ဖေဖော်ဝါရီ ၉ရက်နေ့ ည ၁၀နာရီကျော်တွင် ကမ်းပါးယံပြိုကျပြီး လူသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆိုသည်။“ဒီမနက် ၁၀နာရီမှာ အလောင်းသုံးလောင်းထပ် ပေါ်လာတော့ စုစုပေါင်း ၉ယောက်သေပါတယ်၊ အခြားအသေအပျောက်တော့ ခုညနေထိ ထပ်မရှိပါဘူး”ဟု ၎င်းက ပြောသည်။(Xinhua)