Environment, Disasters & Accidents
မင်းကင်းမြို့ ၏ အရှေ့-အရှေ့ တောင်ဘက် (၁၀) မိုင် ခန့် အကွာတွင် အင်အား ရစ်တာစကေး(၃.၇)အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့ ၏ အရှေ့-အရှေ့ တောင်ဘက် (၁၀) မိုင် ခန့် အကွာ မြောက်လတ္တီတွဒ် (၂၂.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၆) ဒီဂရီ၊ အနက် (၉၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး(၃.၇)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၀၇)နာရီ (၃၅)မိနစ် (၁၈)စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၇၀)မိုင် ခန့် ကွာဝေးသော နေရာတွင် ငလျင်လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)