Connect with us

Environment, Disasters & Accidents

မိုးညှင်းမြို့နယ်၌ စက်လှေတိမ်းမှောက်မှုကြောင့် ၉ဦး ပျောက်ဆုံးနေ

မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီး ဘုရားအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်း ညောင်ပင်ရွာနှင့်နှီးဘုရားကြား၌ ဖေဖော်ဝါရီ ၂၅ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် စက်လှေတိမ်းမှောက်ရာ လူ၉ဦးပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသား ၂ဦး၊ ကျောင်းသူ ၆ဦးနှင့် အရပ်သူ ၁ဦး ပျောက်ဆုံးလျက်ရှိပြီး ပျောက်ဆုံးသူများအား ရှာဖွေလျက်ရှိကြောင်း သိရသည်။

အဆိုပါလှေပေါ်လိုက်ပါလာသော ၁၈ဦးတွင် ၉ဦးအား အသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့ကြောင်း၊ စက်လှေပေါ်ပါ ကျောင်းသားကျောင်းသူများသည် လုံးစန့်ရွာမှ အင်းတော်ကြီး ဘုရားဖူးရန် ထွက်ခွာလာစဉ် စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.