Environment, Disasters & Accidents
မန္တလေးမြို့၌ နေအိမ် ၁၂လုံး မီးလောင်ဆုံးရှုံး

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် သရက်ကုန်းကွက်ရှိ နှစ်ထပ် နေအိမ်တစ်အိမ်မှ မတ် ၇ ရက်နေ့တွင် မီးစတင်လောင်ရာမှ နေအိမ် ၁၂လုံးထိ မီးကူးဆက် လောင်ကျွမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
မတ်လ ၇ ရက်နေ့ ည ၇နာရီ ၅၀ခန့်တွင် သရက်ကုန်းကွက်သစ်ရှိ နှစ်ထပ် နေအိမ်တွင် ဖယောင်းတိုင် မီးဖြင့် ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ည ၈နာရီ ၂၀တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူဦးရေ ၅၅ ဦးအိုးမဲ့အိမ်မဲ့ဖြစ်ကာ အသက် ၆၀ကျော် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး ၃ဦး မီးခိုးမွန်း၍ အသက်ရှူကြပ်ပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှ အိမ်ပိုင်ရှင် သမီးသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသူဖြစ်သဖြင့် မြို့နယ် ပညာရေးမှူးထံ အကူအညီထောင်းခံထားကြောင်း သိရသည်။အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် အမျိုးသမီးအား အမှတ်-၁ နယ်မြေရဲစခန်း၌ (ပ)၁၂၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅(မီးပေါ့ဆမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)