Connect with us

Environment, Disasters & Accidents

ချောက်မြို့နယ်၌ မီးလောင်မှုကြောင့် လူ၁၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ချောက်မြို့နယ် အိုးဘိုကျေးရွာ၌ မီးလောင်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အိုးဘိုကျေးရွာ၌ မတ်လ ၇ ရက်နေ့က မီးလောင်မှုကြောင့် လူဦးရေ ၁၀၂ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မီးလောင်မှုကြောင့် လူဦးရေ ၁၀၂ ဦး(ကျား ၄၀ ၊ မ ၆၂)တို့ အိုးမဲ့အိမ်မဲ့ဖြစ်သွား၍ အ.မ.က(အိုးဘို)ဝင်းအတွင်း၌ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားရကြောင်း သိရသည်။အဆိုပါ ကျေးရွာ၏ နေအိမ်တစ်လုံးရှိ မီးကြွင်းမီးကျန်မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် ၂၀ လုံး၊ ကြက်/ဝက်/ဆိတ် ၁၃၈ ကောင်၊ ဆိုင်ကယ် ၅ စီး၊ စက်ဘီး ၂ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ယင်း မီးလောင်မှုနှင့် ပတ်သက်ပြီး တရားခံအား စလေနယ်မြေရဲစခန်း (ပ)၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးပေါ့ဆမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)