Environment, Disasters & Accidents
မန်းမြန်မာဈေးချိုပလာဇာအပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄)လမ်း၊ (၂၈×၂၇)ကြား၊ မန်းမြန်မာဈေးချိုပလာဇာအပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၁း၅၅ နာရီ တွင်မီးငြိမ်းကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မီးလောင်ရတဲ့ ဖြစ်စဉ် နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက တော့ ကျွန်တော်တို့ အခုချိန်မှာ စုံစမ်းတုန်းပါပဲ’’ ဟုဆင်ဟွာကို ပြောသည်။
ယနေ့ နေ့လည် (၁၁း၃၅) နာရီ အချိန်ခန့် တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ အကြာတွင်လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)