Connect with us

Environment, Disasters & Accidents

မော်လမြိုင်ရှိ စက်သုံးဆီဆိုင်မီးလောင်မှု ကျပ် သိန်း၁၀၀ကျော် ဆုံးရှုံး

မော်လမြိုင်ရှိ မီးလောင်ကျွမ်းသွားသော စက်သုံးဆီဆိုင်အား တွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးအရှေ့ စက်သုံးဆီဆိုင်သည် ဖေဖော်ဝါရီ ၁၃ ရက်၌ မီးလောင်မှုဖြစ်ပွားပြီး ကျပ် သိန်း၁၀၀ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင် နယ်မြေ မီးသတ်စခန်းထံမှ သိရသည်။

အဆိုပါ စက်သုံးဆီဆိုင်၌ စက်သုံးဆီများအား ပလပ်စတစ်ကော်ပုံး အတွင်းသို့ ပြောင်းလဲထည့်သွင်းရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုကြောင့် လူတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး၊ ဈေးဆိုင်ခန်း ၂ ခန်းနှင့် မော်တော်ယာဉ် ၂စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

ယင်း စက်သုံးဆီဆိုင်မှ ဦးအောင်ဇော်မင်း (ခ) ဦးဇော်မင်းသည် မျက်နှာ၊ ဝဲ/ယာလက်နှင့် ပေါင်၊ ဝမ်းဗိုက်တို့တွင် မီးလောင်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုဖြစ်ပွားစေသည့် ဦးအောင်ဇော်မင်း(ခ)ဦးဇော်မင်းအား မော်လမြိုင်မြို့မရဲစခန်းမှ (ပ)၁၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ (မီးပေါ့ဆမှု/ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှု)ဖြင့်အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.