Connect with us

Environment, Disasters & Accidents

မှော်ဘီမြို့ ၏ အရှေဘက်(၆)မိုင် ခန့်အကွာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မှော်ဘီမြို့ ၏ အရှေဘက်(၆)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၇.၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၀ ဒီဂရီ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန် သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ မြန်မာစံတော်ချိန် (၀၈)နာရီ (၀၈)မိနစ် (၂၅)စက္ကန့် အချိန်တွင် ငလျင်လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိနိုင်ကြောင်း မိုးဇလမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)