Environment, Disasters & Accidents
မြစ်ရေတိုက်စားမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်ကုက္ကိုဝတံတား အောက်ရှိမြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကုက္ကိုဝတံတား အောက်ရှိ မြစ်ကမ်းပါးသည် မြစ်ရေ တိုက်စားမှုများကြောင့် ယမန်နေ့ ညနေ (၄) နာရီခွဲ အချိန်က ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ မြစ်ကမ်းပါးသည် မြစ်ရေတိုက်စားမှုများကြောင့် ကမ်းပါး အလျားပေ (၁၇၀) နှင့် အနက်ပေ (၅၀) ကျော်အထိ မြစ်ကမ်းပါး ပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး လက်ရှိမြစ်ကမ်းပါးပြိုကျမှု များတွင် မြစ်ကမ်း ထိန်းနံရံ ကာကွယ်ရေး လုပ်ငန်းများ တည်ဆောက် ထားရှိသည့် အမှတ် (၄)ရပ်ကွက်၊ ကျွန်းငူကမ်းနားရှိ မြစ်ကမ်းပါး အလျားပေ(၃၀)ခန့်ပြိုကျမှုထဲတွင် ပါရှိကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မြစ်ကမ်းပါး ပြိုကျရာ နေရာသို့ တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူများ၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အဆိုပါ မြစ်ကမ်းပါး ပြိုကျရာ နေရာသို့ သွားရောက်ကာ ကမ်းပါးပြိုကျမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)