Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်(၂)စီးတိုက်မိ၍ လူဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ် နှင့် PROBOX ယာဉ်တို့ တိုက်မိ၍ လူဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၀၆/၇)နှင့် (၁၀၇/၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကညွတ်ကွင်းမြို့၊ ရွှေတောင်(၂)လမ်းနေ ဦးမြင့်ဇော်ထွန်း(၅၁)နှစ်မောင်းနှင်လာသော 9M/×××× PROBOX ခဲရောင် ယာဉ်သည် လမ်းဘေး၌ခေတ္တရပ်နားရန်အတွက် အချက်မပြဘဲ အရှိန်လျှော့ကာ ဘရိတ်အုပ်စဉ် လားရာတူ အနောက်မှ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်နေ ဦးဖေသွင်(၅၁)နှစ် မောင်းနှင်လာသည့် 9E/×××× ရွှေမန်းသူခရီးသည်တင်မှန်လုံယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့သဖြင့် ယာဉ်မောင်း ဦးမြင့်ဇော်ထွန်းနှင့် ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသူ တစ်မြို့နယ် တည်းနေ ဦးသန်းဌေး(၄၀)နှစ်ပါ(၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဦးဖေသွင်နှင့် ဦးမြင့်ဇော်ထွန်းတို့(၂)ဦးအား ဖြူးအမြန်လမ်းမကြီးရဲစခန်း၌ ဥပဒေနှင့်အညီအရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.