Connect with us

Environment, Disasters & Accidents

မြစ်ရေများ စိုးရိမ်ရေအမှတ် တည်ရှိမှု မိုးဇလ ထုတ်ပြန်

မြစ်ရေမြင့်တက်မှု ဇယားအား တွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ယနေ့မြန်မာစံတော်ချိန် (၁၄း၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ခန္တီးမြို့တွင် (၆) ပေခန့် ယင်းမြို့၏ စိုးရိမ် ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက် (၂) ရက်အတွင်း (၃) ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည် ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၄)ပေခန့် ၊ ဖောင်းပြင်မြို့တွင် (၃)ပေခွဲခန့်၊ မော်လိုက်မြို့တွင် (၅) ပေခန့်၊ ကလေးဝမြို့ တွင် (၃) ပေခန့်၊ မင်းကင်းမြို့နှင့် ကနီမြို့တို့တွင် (၂) ပေခွဲခန့်စီနှင့် မုံရွာမြို့တွင် (၁) လက်မခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေများသည် နောက်(၁) ရက်အတွင်း ဟုမ္မလင်းမြို့တွင် ပေဝက်ခန့် ၊ နောက် (၂) ရက် အတွင်း ဖောင်းပြင်မြို့တွင် ပေဝက်ခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့့်် မုံရွာမြို့တို့တွင် (၁) ပေခန့်စီနှင့် ကနီမြို့တွင် (၁) ပေခွဲခန့် ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့ များ၏ စိုးရိမ် ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိ နိုင်ကြောင်း သိရသည်။
ယနေ့ မြန်မာစံတော်ချိန် (၁၄း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် (၁) ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက် (၅) ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း၊ ထို့ကြောင့် ငဝန်မြစ်တစ်လျှေက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ဧရာဝတီ မြစ်ရေသည်လည်း ရွှေကူမြို့တွင် (၁) ပေခွဲခန့်နှင့် ညောင်ဦးမြို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ် ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း ၊ အဆိုပါမြစ်ရေများသည် နောက် (၂) ရက်အတွင်း ရွှေကူမြို့တွင် (၁) ပေခွဲခန့်နှင့် ညောင်ဦးမြို့တွင် (၁) ပေခန့် ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက် ဆက်လက် တည်ရှိ နိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်၊ ညောင်ဦးမြို့နယ်နှင့် ဟသာၤတ မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်း နေထိုင်သူများ အနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် အကြံပြုချက် ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.