Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိ၊ ရေကြောင်းခရီးစဉ်တချို့ ရပ်နား

ချင်းတွင်းမြစ်အတွင်း လူစီး ရေယာဉ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီၤ)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး တစ်လျှောက် ဖြတ်သန်း စီးဆင်းလျက် ရှိသော ချင်းတွင်းမြစ်သည် အထက်ပိုင်း မြစ်ရိုးတစ်လျှောက်ရှိ မြို့နယ်တို့၌ စိုးရိမ်ရေမှတ် အထက်သို့ အသီးသီး ရောက်ရှိလျက် ရှိရာ မုံရွာမြို့မှ အထက်ပိုင်း ဒေသများသို့ ထွက်ရှိမည့် ခရီးစဉ်များကို ယမန်နေ့မှ စတင်၍ လေးရက်ကြာ ရပ်နားသွားမည် ဖြစ်ကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ ထံမှ သိရသည်။

ချင်းတွင်း မြစ်ရေသည် ဇူလိုင်လ အတွင်း ဒုတိယ အကြိမ်မြောက် မြစ်ရေကြီးခြင်း ဖြစ်သောကြောင့် ကုန်တင် ရေယာဉ်များနှင့် လူစီး အမြန်ရေယာဉ်များ လမ်းကြောင်း တစ်လျှောက်တွင် ရပ်နားရန် အခက်အခဲ ရှိခြင်း၊ ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေး တို့အတွက် ဇူလိုင်လ ၂၃ ရက်က ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းရေလမ်း ထိန်းသိမ်းရေး ဦးစီးဌာန၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ၊ ကုန်တင်ရေယာဉ် အသင်းများနှင့် လူစီးအမြန် ရေယာဉ် အသင်းများမှ ကိုယ်စားလှယ်များဖြင့် မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီရုံးတွင် တွေ့ဆုံ ဆွေးနွေးပြီး လေးရက်ကြာ ရပ်နားခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် ဇူလိုင်လ အတွင်း ပထမအကြိမ် အဖြစ် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက် အထိ ခြောက်ရက်ကြာ ရပ်နားခဲ့ရပြီး ယခုအခါ ဒုတိယ အကြိမ်ဖြစ် ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ရပ်နားခြင်း ဖြစ်ကြောင်းနှင့် အထက်ပိုင်း ဒေသများ၏ မြစ်ရေကြီးမြင့်မှု အခြေအနေ အရ ပိတ်ရက်များ ထပ်မံ တိုးနိုင်ဖွယ် ရှိကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.