Environment, Disasters & Accidents
မြစ်ရေများ မြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များအားမိုးဇလထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
မြစ်ရေများ မြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဧရာဝတီမြစ်ရေ မြင့်တက်နေသည့်အတွက် ဟသာၤတမြို့သည် စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက် ၁၃၄၂ စင်တီမီတာရောက်နေကြောင်း၊ ဇလွန်မြို့သည် စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက် ၁၁၆၀ စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။
စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် မဒေါက် မြို့တွင် စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက် ၁၀၇၀ စင်တီမီတာသို့ရောက်ရှိနေကြောင်း၊ ရွှေကျင်မြို့သည် စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက်၇၀၀ စင်တီမီတာ သို့ရောက်ရှိနေကြောင်း သိရသည်။
ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့သည် စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက် ၈၈၀ စင်တီမီတာ၊ ငါးသိုင်းချောင်းမြို့ စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက် ၁၁၃၀ စင်တီမီတာ၊ သာပေါင်းမြို့သည် စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက် ၆၂၀ စင်တီမီတာ၊ ပုသိမ်မြို့သည် စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက် ၃၅၀ စင်တီမီတာ အထက်သို့ရောက်ရှိနေကြောင်းသိရသည်။
တိုးမြစ်သည် မအူပင်မြို့တွင် စိုးရိမ်ရေမှတ် သုညမျက်နှာပြင်အထက် ၇၂၀ စင်တီမီတာသို့ရောက်ရှိနေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)