Connect with us

Environment, Disasters & Accidents

မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရဲဝန်ထမ်းလိုင်း မီးလောင်ကျွမ်းမှုကြောင့် ကျပ် ၁၅သိန်းကျော် ဆုံးရုံး

မီးလောင်ကျွမ်းနေသော ရဲဝန်ထမ်းလိုင်းခန်းအား မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရဲဝန်ထမ်းလိုင်း ဇူလိုင်လ ၂၅ရက်နေ့ နံနက် ၁၀နာရီခွဲတွင် မီးလောင်ကျွမ်းရာ ကျပ် ၁၅သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကျီတော်ရပ်ကွက် မဟာသုခလမ်းနှင့် ကွက်သစ်လမ်းထိပ် ကျီတော်မီးရထား ရဲဝန်ထမ်းလိုင်း လိုင်း(ခ) အခန်း(၅)မှ မီးဖိုချောင်အတွင်း ဂက်စ်အိုးအသေးဖြင့် ဟင်းအိုးတည်ရာမှ ဟင်းအိုးတူးကာ ဘေးထရံသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် (၁ဝ ပေ x ပေ ၆ဝ) ခြောက်ခန်းတွဲ သွပ်မိုးထရံကာ နှစ်လုံး မီးလောင်ခဲ့ပြီး ငွေကျပ် ၁၅၆ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးကာ မိသားစု ၁ဝ စု၊ လူဦးရေ ၅ဝ ဦး ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။

မီးဘေးသင့် မိသားစုဝင်များအား ကျီတော်ရပ်ကွက် ပေတောကုန်းလမ်းရှိ ရွှေကျင်ကျောင်းတိုက်၌ ကယ်ဆယ်ရေး စခန်းဖွင့်လှစ် ပေးထားကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းရန် လုပ်ဆောင်သူ အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက(ပ)၄၃၃/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.