Environment, Disasters & Accidents
မြိုင်မြို့၏ အနောက်မြောက်ဘက် (၉)မိုင်ခန့်အကွာ တွင် အင်အား ၃.၆ အဆင့် ရှိငလျင်လှုပ်ရှား
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၏ အနောက်မြောက်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၆၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၆ ဒီဂရီ၊ အနက်(၁၃၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၈)မိနစ်၊ (၃၂)စက္ကန့် အချိန်တွင်ငလျင်လှုပ်ရှား သွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)