Connect with us

Environment, Disasters & Accidents

ယာဉ်မတော်တဆ တိုက်မှုကြောင့် နိုဝင်ဘာလ အတွင်း လူ ၃၈၆ ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅ မိုင် ၂ ဖာလုံတွင် တိမ်းမှောက် ခဲ့သည့် ခရီးသည်တင်ယာဉ် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-Lwin Oo Facebook)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယာဉ်မတော်တဆ တိုက်မှုကြောင့် နိုဝင်ဘာလ အတွင်း လူ ၃၈၆ ဦး သေဆုံးခဲ့ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်သော စာရင်းဇယားအရ သိရသည်။

နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၄ ခုတွင် နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆ တိုက်မှုပေါင်း ၁,၃၅၀ ဖြစ်ပွားပြီး ၂,၁၇၁ ဦးဒဏ်ရာရကာ ၃၈၆ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆဖြစ်မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် ယာဉ်တိုက်မှု အဖြစ်များဆုံးအဖြစ် ရန်ကုန်မြို့၌ ယာဉ်တိုက်မှု ၂၅၀ မှုဖြစ်ပွားပြီး ၃၂၄ ဦး ဒဏ်ရာရကာ ၅၇ ဦး သေဆုံးခဲ့ကြောင်း၊ ဒုတိယ ယာဉ်တိုက်မှု အဖြစ်ဆုံးသည် ပဲခူးမြို့နှင့် တတိယ ယာဉ်တိုက်မှု အများဆုံးသည် မန္တလေးမြို့ဖြစ်သည်။

ယင်း ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှု အများဆုံးသည် မန္တလေးမြို့ ဖြစ်ပြီး နိုဝင်ဘာလ အတွင်းမှာ ယာဉ်တိုက်မှု ၁၆၉ မှုဖြစ်ပွားကာ ဒဏ်ရာရရှိသူ ၂၅၁ ဦးနှင့် သေဆုံးသူ ၆၄ ဦး ရှိသည်။

ယာဉ်တိုက်မှု ၆ မှုအဖြစ် ကယားပြည်နယ်မှာ ယာဉ်တိုက်မှု အနည်းဆုံး၊ ဒုတိယ ယာဉ်တိုက်မှု အနည်းဆုံးသည် ချင်းပြည်နယ် ၁၁ မှုဖြစ်ပြီး တတိယ ယာဉ်တိုက်မှု အနည်းဆုံးသည် ကချင် ၁၃ မှုဖြစ်ကြောင်း ယာဉ်တိုက်မှုများတွင် သေဆုံးသူ အနည်းဆုံးမြို့သည် ကချင်ပြည်နယ် ဖြစ်ကြောင်း သိရသည်။ (Xinhua)