Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွါး၊ လူတစ်ဦး ထပ်မံသေဆုံး

ဖားကန့်တွင် နိုဝင်ဘာ ၂၁ရက် မြေစာပုံပြိုကျစဉ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓါတ်ပုံ -မြ၀တီ )

ရန်ကုန်၊နိုဝင်ဘာ၂၉ရက်(ဆင်ဟွာ)

ဖားကန့် နမ့်မှော်ကျေးရာတွင် နိုဝင်ဘာ ၂၈ နံနက် ၄း၃၀ နာရီခန့်တွင် မြေစာပုံပြိုကျမှုတစ်ခု ထပ်မံဖြစ်ပွားကာ လူတစ်ဦး သေဆုံးသွားကြောင်း ဖားကန့်မြို့အုပ်ချုပ်ရေးမှုးရုံးမှ ဒုတိယဦးစီးမှုး ဦးမျိုးသက်အောင်က ယနေ့ ဆင်ဟွာကို ပြောကြားသည်။

ဖားကန့်မြို့၊ နမ့်မှော်ကျေးရွာအုပ်စုမှ Ever Winner Company က မြေစာစွန့်ပစ်သည့်ပေ ၄၅ ပေ ရှိသည့် မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားသုံးဦးတွင် မြေစာပုံပြိုကျသည့် အတွက် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသား ၃ ဦးထဲမှ အမျိုသားတစ်ဦး သေဆုံးသွားကြောင်း ၎င်းကဆိုသည်။

ဦးမျိုးသက်အောင်က “ကျွန်တော်တို့ အစိုးရအဖွဲ့တွေ အနေနဲ့ မြေစာပုံ ဆက်တိုက်ပြိုကျမှုတွေ ဖြစ်ခဲ့တဲ့အတွက်ကြောင့် စောင့်ကြည့်တဲ့ အဖွဲ့တစ်ခုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖွဲ့ခဲ့ပါတယ်။ အဲ့ဒီ့အဖွဲ့ကနေ စွန့်ပစ်မြေစာပုံတွေ အန္တရာယ် ရှိမရှိ ကို စောင့်ကြည့်ပြီး အရေး.ူမှုတွေ ဆောင်ရွက်သွားမှာပါ’’ ဟုပြောသည်။

ဖားကန့်တွင် မြေစာပုံ ၁၂ ပုံရှိပြီး၊ မြေစာပုံ ၁ခုကတော့ အန္တရာယ်ရှိမြေစာပုံအဖြစ် သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။

နိုဝင်လဘာ ၂၁ ရက်နေ့တွင် ဖားကန့်၌ပေ ၁၀၀၀ ခန့် အမြင့်မစာပုံတစ်ခုပြိုကျမှုကြောင့် လူ ၁၁၄ ဦးသေဆုံးခဲ့သည်။ (Xinhua)