Environment, Disasters & Accidents
ရာဇဂြိုဟ်ဆည်တွင် ရေများ မြင့်တက်လာသော်လည်း ပုံမှန်ရေ အမှတ်သို့ ပြန်လည် လျော့ကျ
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရာဇဂြိုဟ်ဆည် အတွင်းသို့ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက တောင်ကျချောင်း ရေဝင်ရောက်မှု များခြင်းကြောင့် ရေများ မြင့်တက်လာသော်လည်း ယခုအခါ ပုံမှန် ရေအမှတ်သို့ ပြန်လည် ရောက်ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ချင်းပြည်နယ် အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရာဇဂြိုဟ်ဆည် အတွင်းသို့ ရေဝင်မှုများပြီး ဇူလိုင်လ ၃ ရက် နံနက် ၈ နာရီခန့် တွင် ရေအမှတ် ၆၄၂ ပေရှိကာ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင်မူ ရေအမှတ် ၆၅၁.၅ သို့ ရောက်ရှိခဲ့ရာ ဆည်အတွင်း ရေအမှတ် ၁ဝ ပေကျော် မြင့်တက် လာခဲ့ခြင်းကြောင့် ဆည်၏ စိုးရိမ်ရေအမှတ်မှာ ၆၅၅ ပေသို့ ရောက်ရှိ လာခါနီး ဖြစ်သဖြင့် ပြည်သူများ အလွန်စိုးရိမ်ပူပန်မှု ရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ဇူလိုင်လ ၄ ရက် ညနေ ၇ နာရီ တိုင်းထွာချက်အရ ဆည်ရေမှာ ထပ်မံ တိုးလာခြင်း မရှိတော့ဘဲ ရေအမှတ် ၆၄၃ အထိကျလာပြီ ဖြစ်ရာ ချင်းတောင်ဒေသတွင် မိုးဆက်လက် ရွာသွန်းခြင်း မရှိပါက ရာဇဂြိုဟ်ဆည်၏ ပုံမှန်ရေ အမှတ် ၆၄ဝ ပေသို့ ဆက်လက် ဆည်ရေ ကျသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)