Connect with us

Environment, Disasters & Accidents

မြစ်ရေတက်လာသဖြင့် ခရီးသည်တင်နှင့် ကုန်တင်ရေယာဉ်များ သတိပြု မောင်းနှင်ကြရန် သတိပေးချက် ထုတ်ပြန်

မြစ်ထဲတွင် ရပ်နားထားသည့် ရေယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-M.O.I)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်ရေသည် လတ်တလော မြင့်တက်လျက်ရှိရာ မုံရွာမြို့နယ် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီက ရေယာဉ်များ ခုတ်မောင်း သွားလာရာတွင် သတိပြုနိုင်ရေး သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

လတ်တလော ကာလတွင် အထက်ပိုင်း ဒေသများ၌ မိုးများသဖြင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာကာ ယခုကဲ့သို့ မြစ်ရေ မြင့်တက်လာသည့် အချိန်၌ မုံရွာမြို့မှ အထက် ချင်းတွင်းဒေသကို အစုန်၊ အဆန် သွားလာနေသည့် ရေယာဉ်များ ခုတ်မောင်း သွားလာကြရာတွင် ချောင်းဝင်၊ ချောင်းထွက်များ၊ ဝဲများ၌ အထူးဂရုပြု ခုတ်မောင်းကြရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ချင်းတွင်း အထက်ပိုင်း ဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းနေ မှုကြောင့် ချင်းတွင်း မြစ်ရေသည် ခန္တီးမြို့တွင် ယမန်နေ့က မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ တိုင်းထွာချက်အရ ၁,၂၆ဝ စင်တီမီတာ သို့ရောက် ရှိနေကြောင်းနှင့် ခန္တီးမြို့၏ စိုး ရိမ်ရေအမှတ်မှာ ၁,၃၆ဝ စင်တီမီတာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.