Environment, Disasters & Accidents
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်တောင်ကမ်းပါးယံ ပြိုကျပြီး ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွား
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ် ဆိုင်းလေရွာအနီး ကီလိုမီတာတိုင်အမှတ် (697-698) အကြား တောင်ကမ်းပါးယံ ပြိုကျပြီး ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ တောင်ကမ်းပါးယံ ပြိုကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင် နှင့် မြို့နယ်လမ်းဦးစီးအရာရှိ (မြို့ပြ)ဒေါ်ကေခိုင်ဇော်တို့က ဦးဆောင်၍ ခရီးသွားယာဉ်များ အချိန်ကြန့်ကြာမှု မရှိစေရန်နှင့် ခရီးသွားလာရာတွင် လွယ်ကူချောမွေ့၍ အဆင်ပြေမှု ရှိစေရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနဝန်ထမ်းများ၊ သော်တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ လမ်း လုပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများက Backhole စက် တစ်စီး၊ မြေသယ်ယာဉ် တစ်စီး တို့ဖြင့် ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် ခရီးသွားယာဉ်ကြီး၊ ယာဉ်ငယ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။ (Xinhua)