Connect with us

Environment, Disasters & Accidents

သံလွင်မြစ်ရေ လျှံတက်သဖြင့် ကရင်ပြည်နယ် ကမမောင်းမြို့တွင်းရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေဝင်ရောက်

ကမမောင်းမြို့အတွင်းရေဝင်ရောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မိုးများသည်းထန်စွာ ရွာသွန်းပြီး သံလွင်မြစ်ရေ လျှံတက်သဖြင့် ကရင်ပြည်နယ် ကမမောင်းမြို့ရှိ မြို့တွင်း ရပ်ကွက်များနှင့် ကျေးရွာများရေဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် ကမမောင်းမြို့၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရေချိန် တိုင်းတာရရှိချက်အရ (၅.၈၂)လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ် – (၇၀၈) စင်တီမီတာသို့ ရောက်ရှိနေသည့် အတွက် ရပ်ကွက်အတွင်း ဆက်သွယ်သော လမ်းများမှာ ရေအမြင့် (၃)ပေ ခန့် ရှိလာသဖြင့် မော်တော်ယာဉ်နှင့် လူအများ သွားလာရေးခက်ခဲလျက်ရှိသည်။

သံလွင်မြစ်ရေမကျဆင်းဘဲ ရေ တန့်နေသည်မှာ (၂)လနီးပါးကြာမြင့်နေသည့်အတွက် မြေနိမ့်ပိုင်းရပ်ကွက်တွင် နေထိုင်ကြသော အိမ်ထောင်စုများမှာ အလုပ်အကိုင်နှင့် စီးပွားရေး အခက်အခဲများ ကြုံတွေ့နေကြရပြီး ကျန်းမာရေးပြဿနာများဖြစ်သည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ၊ ရာသီတုပ်ကွေးရောဂါများ စတင်ဖြစ်ပွားလာကြောင်း သိရသည်။

ယခုကဲ့သို့ မိုးများပြီး သံလွင်မြစ်ရေ ဝင်ရောက်မှုမှာ စတုတ္ထအကြိမ်ဖြစ်လာသည့်အတွက် အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းများကို မကြာခဏ ပိတ်ပေးနေရသဖြင့် ကလေးများ၏ ပညာရေးနှောင့်နှေးမှုများဖြစ်ပေါ်နေကြောင်း၊ ကျောင်းပိတ်ထားရသဖြင့် ကလေးများ ရေကစားရင်း၊ အပျော်လှေလိုက်စီးကြရင်း မတော်တဆ ရေနစ်သေဆုံးမှု ဖြစ်ပွားမည်ကိုလည်း စိုးရိမ်ရပါကြောင်း ပညာရေးဝန်ထမ်း ဆရာမတစ်ဦးကပြောသည်။

မြို့တွင်းရပ်ကွက် အိမ်ခြေအများစုမှာ ရေဝင်ရောက်မှု ကာလရှည်ကြာလာပြီး ကလေး၊ လူကြီး အများစုမှာ ခြေဖဝါးနှင့်ခြေချောင်းများ ရေဝဲစားမှု ဒဏ်ခံနေကြရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.