Environment, Disasters & Accidents
သြင်္ကန်အကျနေ့ နိုင်ငံတစ်ဝန်းတွင် မှုခင်းဖြစ်ပွားမှု ၄၅ မှုရှိပြီး၊ လေးဦးသေ၊၅၇ ဦးဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်

ရန်ကုန်၊ ဧပြီ၁၄ရက်(ဆင်ဟွာ)
သြင်္ကန်အကျနေ့(ဧပြီ ၁၃ ရက်)တွင် နိုင်ငံတစ်ဝန်း၌ အမှုပေါင်း ၄၅ မှုဖြစ်ပွားပြီး လေးဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ယမန်နှစ် အလား တူကာလကထက် အမှုသုံးမှု၊ သေဆုံးသူတစ်ဦး ပိုမိုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူအရေအတွက်မှာ ငါးဦးလျော့နည်းကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှသတင်းထုတ်ပြန်သည်။
အကျနေ့ဖြစ်ပွားသည့်အမှုများတွင် ခိုးမှု(နှိုက်)/ခိုးမှုမသင်္ကာမှုမှာ ၂၁ မှုဖြင့် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး နာကျင် စေမှု ခုနစ်မှု၊ ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကာ ဒုတိယအများဆုံးဖြစ်သည်။ ယစ်မျိုးဖမ်းဆီးမှု ခြောက်မှု၊ လက်နက်မှုနှင့် အခြားအမှုသုံးမှုစီရှိပြီး သေမှုသေခင်းနှင့် ယာဉ်တိုက် မှုမှာ နှစ်မှုစီရှိသည်။ ယာဉ်တိုက်မှုနှစ်မှုတွင် ဒဏ်ရာရရှိသူ ၅ဝ ရှိသည်။ လူသတ်မှုတစ်မှုရှိပြီး သေဆုံးသူ တစ်ဦးရှိကြောင်း သိရသည်။
သြင်္ကန်အကြိုနေ့(ဧပြီ ၁၂ ရက်)တွင် နိုင်ငံတစ်ဝန်းမတော်ဆမှု ၁၁ မှုဖြစ်ပွားပြီး တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် နှစ်ရက်ပေါင်း ၅၆ မှု၊ သေဆုံးသူငါးဦး၊ ဒဏ်ရာရသူ ၇၁ ဦးရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။ (Xinhua)