Connect with us

Environment, Disasters & Accidents

သြင်္ကန်လည်ယာဉ် အရှိန်လွန်တိမ်းမှောက်ရာ ၄၆ ဦးဒဏ်ရာရ

ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ ဧပြီ၁၅ရက် (ဆင်ဟွာ)

ဧပြီ ၁၃ ရက် (သြင်္ကန်အကျနေ့) မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့် တွင် နေပြည်တော်မှ လယ်ဝေးမြို့နယ် ကုန်းပေါ်စုရွာသို့ မောင်းနှင်လာသည့် သြင်္ကန်အလည်အပတ်ယာဉ် ဖောအမျိုးအစားကားတစ်စီးသည် နိဗ္ဗာန်လမ်း ပေါ်၌ အရှိန်လွန်တိမ်းမှောက်သွားရာ ယာဉ်ပေါ်လိုက်ပါ လာသည့် ကုန်းပေါ်စု ရွာသူ ရွာသား ၄၆ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိကြသူများ ကို နေပြည်တော်နှင့် လယ်ဝေးဆေးရုံများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပို့ဆောင်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိပြီး ယာဉ်မောင်းအား ဖမ်းဆီးမိ ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် နေပြည်တော်မှ လယ်ဝေးမြို့နယ်ကုန်းပေါ်စုရွာသို့ နိဗ္ဗာန် လမ်းအတိုင်း မောင်းနှင်လာသည့် သြင်္ကန်လည်ယာဉ် ဖောကားသည် ရှမ်းစု ရွာလယ်အရောက်၌ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.