Environment, Disasters & Accidents
အမ်းမြို့နယ်တွင် ပေ ၇၀ခန့်ရှိ ချောက်အတွင်းသို့ ယာဉ်တစ်စီးတိမ်းမှောက်ပြီး နှစ်ဦးဒဏ်ရာရရှိ

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ အမ်း-မင်းဘူးလမ်း မိုင်တိုင်အမှတ်(၈၈)မိုင် (၄)ဖာလုံနှင့် (၃)ဖာလုံကြား ဆင်ခုံတိုင်ကျေးရွာအနီးရှိ ပေ ၇၀ ခန့်ရှိသော ချောက်အတွင်းသို့ ယာဉ်တစ်စီးပြုတ်ကျပြီး လူ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
စားသောက်ကုန်များ တင်ဆောင်လာသော Forton (၆)ဘီးယာဉ်သည် မတ် ၁၉ ရက် နံနက်ပိုင်းတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ(၇၀)ခန့်ချောက်အတွင်း ပြုတ်ကျသွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သည် ခါးဒဏ်ရာရ၊ လက်ဆစ်ပွန်းပဲ့(မစိုးရိမ်ရ)ဒဏ်ရာများရရှိပြီး အမ်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။(Xinhua)