Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ထိခိုက်ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဉ်(ကြေးမုံ)

ရန်ကုန်၊ မတ် ၂၀ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ် ၁၈ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်း ၊ အင်းတော် ၊ ကလေးဝ ၊ ကသာ ၊ ကန့်ဘလူ ၊ ကျွန်းလှ စသည့်မြို့များတွင် စုစုပေါင်း အိမ်ခြေ ၁၀၀ ကျော် အပျက်အစီးရှိခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း မိုးသက်လေပြင်း တိုက်ခတ်မှု ကြောင့် နေအိမ် ၁၆၁ လုံး ပျက်စီးခဲ့ပြီး လူနှစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.