Environment, Disasters & Accidents
ကချင်ပြည်နယ် မိုးမောက်-လွယ်ဂျယ်ကားလမ်းတွင် မိုင်တိုင်အမှတ်(၃၁)၌ မြေပြိုကျ၍ လမ်းပိတ်ဆို့မှုခေတ္တဖြစ်ပွား
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ်ကားလမ်းမကြီး မိုင်တိုင်အမှတ်(၃၁) တွင် ယနေ့ နံနက်(၇)နာရီ (၄၅)မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ကားလမ်း အရှည်ပေ(၁၁ဝ)ခန့်၊ မြေသားထု(၂)ပေခန့်နှင့် အကျယ်(၂ဝ)ပေခန့် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု ခေတ္တ ရပ်နားခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
အဆိုပါနေရာ၌ ရပ်နားထားသော မော်တော်ယာဉ်များ အမြန်ဆုံး ဖြတ်သန်းသွားလာ နိုင်ရေးအတွက် မိုးမောက်မြို့နယ် လမ်းဦးစီးဌာနမှ အဖွဲ့များနှင့် တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ပြန်လည်ဖြတ်သန်း ပေးနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)