Connect with us

Environment, Disasters & Accidents

ရေဘေးကြောင့် နေပြည်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် ၅ ခုတွင် သေဆုံးသူ ၁၆ ဦးရှိ

ကရင်ပြည်နယ် ဘားအံ မြို့ နယ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရေဘေး ဖြစ်ပွားမှုကြောင့် သြဂုတ် ၂ ရက် အထိ သေဆုံးသူ ၁၆ ဦး ရှိကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တို့မှ ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။

ရေဘေး ဖြစ်ပွားမှုကြောင့် နေပြည်တော်တွင် ၁ ဦး ၊ ကရင်ပြည်နယ်တွင် ၃ ဦး ၊ တနသာၤရီ တိုင်းဒေသကြီးတွင် ၁ ဦး ၊ မွန်ပြည်နယ်တွင် ၅ ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ ဦး ၊ မကွေး တိုင်းဒေသကြီးတွင် ၂ ဦး တို့ သေဆုံး ခဲ့ကြောင်း သိရသည်။

ဇူလိုင်လမှ စတင်၍ ရေဘေး ဖြစ်ပွားမှုကြောင့် ယခုအချိန်တွင် ကရင် ပြည်နယ် ၊ တနသာၤရီ တိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့တွင် ရေဘေးရှောင် စခန်း ဖွင့်လှစ်ဆဲ စုစုပေါင်း ၃၂၈ ခု ရှိကြောင်း ၊ သြဂုတ် ၂ ရက်ထိ ပြောင်းရွှေ့ထားမှု အခြေအနေ အရ စုစုပေါင်း လူဦးရေ ၁၄၉၃၅၀ ဦး ရှိကြောင်း သိရသည်။

ရေဘေး ဖြစ်ပွားမှုကြောင့် ဆန်ရိက္ခာ ၊ အိမ်ဆောက်/ ကျောင်းဆောက် ပစ္စည်း အပါအဝင် သဘာဝဘေး ရန်ပုံငွေမှ ထောက်ပံ့မှုများအား တိုင်းဒေသကြီး/ပြည်နယ် အလိုက် ပေးအပ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.