Connect with us

Environment, Disasters & Accidents

ဇူလိုင်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တွင် ယာဉ်မတော်တဆမှုကြောင့် ၄ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဇူလိုင်လအတွင်း ယာဉ်မတော်တဆမှု ၂၈ ကြိမ်ဖြစ်ပွားခဲ့၍ အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား၂၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ ပေါင်း ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါအမြန်လမ်းတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ယာဉ်မတော်တဆမှုပေါင်း ၂၅၉ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ အမျိုးသား ၃၈ ဦး၊ အမျိုးသမီး ၁၆ ဦး ပေါင်း ၅၄ ဦး၊ ဒဏ်ရာရရှိသူ အမျိုးသား ၂၈၇ ဦး၊ အမျိုးသမီး ၂၄၀ ဦး ပေါင်း ၅၂၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းသူများ မဆင်မခြင်ပေါ့ဆစွာမောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ခြင်း၊ ယာဉ်ကြံ့ခိုင်မှု အားနည်းခြင်း၊ ရာသီဥတုကြောင့်ဖြစ် ခြင်း၊ လမ်းကြောင့်ဖြစ်ခြင်း၊ အမြန်လမ်းပေါ်တွင် တက်ရောက်မောင်းနှင်ခွင့်မရှိသော သုံးဘီး၊ ဆိုက်တွဲ၊ ဆိုက်ကား၊ စက်ဘီးအနှေးယာဉ်များ တက်ရောက်မောင်းနှင်ခြင်း၊ ကျွဲ၊ နွားတိရစ္ဆာန်များ တက်ရောက်ခြင်း၊ လမ်းဖြတ်ကူးခြင်း စသည်တို့ကြောင့် ဖြစ်ကာ ပြည်သူ များ သေဆုံးဒဏ်ရာ ရရှိနေရခြင်း ဖြစ်သည်။

အမြန် လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန် အမြန်လမ်း ရဲတပ်ဖွဲ့ အနေဖြင့်လည်း အမြန်လမ်းပေါ်တွင် အနှေးယာဉ်များ၊ စက်ဘီး၊ ဆိုင်ကယ် တက်ရောက်မောင်းနှင်မှု၊ ကျွဲ၊ နွားများ လမ်းမပေါ်လွှတ်ကျောင်းမှု၊ လမ်းဖြတ်ကူမှု၊ ကိစ္စရပ်များကို လမ်းတစ်လျှောက် ကျေးရွာ များတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ ယာဉ်အန္တရာယ် ဟောပြောပွဲများ ပြုလုပ်ပညာပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား အမြန်နှုန်းတိုင်းကိရိယာများဖြင့် တိုင်းတာဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.