Environment, Disasters & Accidents
ကန့်ဘလူမြို့နယ်ရှိ ချပ်သင်း တောရိုင်းတိရစ္ဆာန် များကို စီမံချက်ဖြင့် ထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်သွားမည်
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ပြီးခဲ့သည့် သုံးနှစ်ခန့်မှ စ၍ တိရစ္ဆာန်များ ရှားပါးလာသဖြင့် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်မှု နည်းပါး လာသောကြောင့် ဇွန်လ ဒုတိယပတ်မှ စ၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ လည်ပတ်မှု များစေရန် ရွှေသမင် အပါအဝင် တခြား တိရစ္ဆာန် များကို စီမံချက်ဖြင့် ထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါတော၏ ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်း ဘေးမဲ့တောတွင် နွယ်၊ မြက်၊ သစ်ပင် ၃ဝ၁ မျိုး၊ ငှက်မျိုးစိတ် ၂၂၄ မျိုး၊ လိပ်ပြာ ၅၇ မျိုး၊ ကုန်းသတ္တဝါ ၃၇ မျိုးနှင့် နို့တိုက်သတ္တဝါ ၂၁ မျိုးရှိကြောင်း၊ အဆိုပါ ဘေးမဲ့တောထဲတွင် အမဲလိုက် မုဆိုးများကြောင့် တိရစ္ဆာန်များ ထပ်မံ လျော့နည်းမှုများ မရှိစေရန် ကာလရှည် စီမံချက်ဖြင့် ထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘေးမဲ့တောသို့ ဝင်ရောက်၍ အမဲလိုက်သူ များအား ဥပဒေအရ ပြင်းပြင်း ထန်ထန် အရေးယူ သွားမည် ဖြစ်ကြောင်းဆိုသည်။ (Xinhua)