Connect with us

Environment, Disasters & Accidents

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင် အထကမှ ကျောင်းသား ကျောင်းသူများ ကြို/ပို့ ကူးတို့လှေ တိမ်းမှောက်၍ ခုနစ်ဦး သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်မှ စက်လှေများအားတွေ့ရစဉ် (ဓာတ်ပုံ-မဟာမိတ်လူမှုရေးအသင်း (ပိုးရွှီပြင်))

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင် အထကမှ ကျောင်းသား ကျောင်းသူများ လိုက်ပါ လာသော ပိုးရွှီပြင်-ရဟတ်တောင် ကူးတို့လှေသည် နစ်မြုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၃၅ ဦး ရေနစ်ခဲ့ပြီး ၂၈ ဦးကို အသက် ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ စာသင်နှစ်၏ အစရက် ဖြစ်သော ဇွန်လ ၁ ရက်တွင် ကျောင်းတက်ရန် သွားသော ပုဏ္ဍားကျွန်းမြို့နယ် ပိုးရွှီပြင် အထကမှ ကျောင်းသား ကျောင်းသူ အချို့ ရေနစ်သေဆုံးမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အခင်းဖြစ်ပွားသည့် မွန်းလွဲပိုင်းတွင် ကျောင်းဆင်းပြီး ရွာပြန်လာကြသော ကျောင်းသား ကျောင်းသူ ၃၅ ဦး တင်ဆောင်လာသည့် ပိုးရွှီပြင်-ရဟတ် တောင်ကူးတို့လှေ (ပဲ့ချိတ်စက်တပ်လှေ) သည် တောဖျားချောင်း (ပိုးရွှီပြင်မြစ်) အတွင်း၌ တိမ်းမှောက်ကာ နစ်မြုပ်သွား ခဲ့ခြင်းဖြစ်သည်။
လှေနစ်မြုပ်သည့် သတင်းရရချင်း ပိုးရွှီပြင်ရွာမှ ရွာသား များက လှေများဖြင့် လိုက်ပါကယ်ဆယ်ရာ ကျောင်းသား ကျောင်းသူ ၂၈ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ခုနစ်ဦး ရေနစ် သေဆုံးခဲ့သည်။
ကူးတို့လှေ နစ်မြုပ်မှုနှင့် ပတ်သက်၍ ကူးတို့ပို့ဆောင်သူ ပိုးရွှီပြင်ရွာသား ဦးမောင်ရဲနိုင်အား ပိုးရွှီပြင် ရဲစခန်းက အမှုဖွင့် အရေးယူဆောင် ရွက်ထား ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.