Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား

ဝန်းသိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းနှင့် ဝန်းသိုမြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရူံးမှုများ ရှိနေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ခဲ့သည်။

ဝန်းသိုမြို့နယ်၌ မိုးသည်းထန်စွာ ၂ ည ဆက်ရွာသွန်းခဲ့သဖြင့် ယနေ့ဇွန်လ ၉ ရက် နံနက် အစောပိုင်း အချိန်တွင် ဒေါင်းမြူးချောင်းရေသည် တိုးမြှင့်လာပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေများ ၂ ပေခန့် ဝင်ရောက် ခဲ့ကြောင်း ၊ ရေဝင်ရောက်မှုကြောင့် တံတားအချို့နှင့် လူနေအိမ်အချို့ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ကောလင်းမြို့နယ်၌ ရေကြီးရေလျှံမှုများကြောင့် ကျော်ဇေယျာ၊ မြောက်အင်း၊ စက်ရုံလယ်ပြင်၊ ဈေးရုံဗိုလ်တဲ၊ မြို့မမြို့ကုန်းရပ်ကွက်များရှိ အိမ်များ၊ ကျောင်းများ၊ ဆေးရုံနှင့် ရဲစခန်း ဝန်းအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိပြီး ယခု ရေကြီးရေလျှံမှုသည် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သော ရေကြီး ရေလျှံမှုထက် များပြားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.