Environment, Disasters & Accidents
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ချို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၃၇ လုံး အမိုးလန်ပျက်စီး

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ အောင်သာယာကျေးရွာ ပါ ရပ်ကွက်/ကျေးရွာ ၉ ခု၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၁၃၇ လုံး၊ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ဆိုင်ကယ်ရပ်နားရန်နေရာ ၁ ခု အမိုးလန်၊ မီးဖိုဆောင် ၁ ဆောင် ပြိုကျပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့နယ် ရှိ ကျေးရွာများတွင် မေလ ၂၁ ရက် ၁၂း၀၀ နာရီ မှ ၁၆း၃၀ နာရီ အထိ လေပြင်းတိုက်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ၁၂း၀၀နာရီ မှ ၁၂း၃၀ နာရီအထိ လေပြင်းတိုက်ခတ်မှုကြောင့် ကယားပြည်နယ် ဖားဆောင်း မြို့နယ်၊ ဘီဟီထာကျေးရွာ၌ ကိုယ်ထူကိုယ်ထဆေးခန်း ၁ ခန်း၊ နေအိမ် ၁၆ လုံး အမိုးလန်ပျက်စီး ခဲ့ကြောင်း၊
အလားတူ ၁ရး၃၀ အချိန် တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ ဘုရားနီကျေးရွာ၌ လျှပ်စစ်မီးတိုင် ၁ တိုင် ပြိုလဲ၊ နေအိမ် ၅ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)