Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ် တီးတိန် မြို့နယ်၌ ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျ တိမ်းမှောက်ကာ လေးဦး သေဆုံး

ယာဉ်ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားရာ နေရာ တစ်ဝိုက်အား တွေ့ ရစဉ်(ဓာတ်ပုံ - Myanmaalinn)

ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် တီးတိန် မြို့နယ် အတွင်း မော်တော်ယာဉ် တစ်စီးသည် မေ ၂၀ ရက်က ချောက်အတွင်းသို့ထိုးကျ တိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ လေးဦးမှာ သေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တီးတိန်မြို့နယ် ၊ လမ်ဇန် ကျေးရွာ အနီး တီးတိန် -ရိဒ်သွား ကားလမ်း မိုင်တိုင် (၇/၁)နှင့် (၇/၂)အကြားတွင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် ချောက် အတွင်းသို့ ပေ ၃၀ဝခန့် ထိုးကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါလာသူ အားလုံး သေဆုံး သွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.