Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် လမ်း/တံတားပျက်စီးမှု တန်ဖိုး ကျပ် သန်း၁၄၅၂ ကျော်ရှိ

ကရင်ပြည်နယ်တွင်း ရေကြီးမှုများဖြစ်ပေါ်နေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်း/တံတားများ ရေကျော်ခြင်း၊ ထိခိုက်ပျက်စီးမှု တန်ဖိုးသည် ကျပ် ၁၄၅၂ ဒသမ ၅၁၁ သန်းခန့် ဆုံးရှုံးုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းရ သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖါပွန်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံမြို့နယ်အတွင်း လမ်းတံတားပျက်စီးဆုံးရှုံးမှု ခန့်မှန်း တန်ဖိုး ၁၉၅ သန်းခန့် ရှိကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း လမ်းတံတား ပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ၂၃၈ ဒသမ ၃၁ သန်း၊ ကော့ကရိတ် မြို့နယ်တွင် ၁၉၁ ဒသမ ၄၇၅ သန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၁၃၉ ဒသမ ၆၀၈ သန်း၊ မြဝတီ မြို့နယ်တွင် ၅၁၁ ဒသမ ၅၀ သန်း၊ ဖါပွန်မြို့နယ်တွင် ၁၇၆ ဒသမ ၆၂၈ သန်း ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်နယ်တစ်ခုလုံး အနေဖြင့် စုစုပေါင်းပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ၁၄၅၂ ဒသမ ၅၁၁ သန်း ခန့်ရှိကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏စာရင်းများ အရ သိရသည်။

ရေကြီးရေလျှံမှုများကြောင့် လမ်း၊တံတား ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက် မှုမရှိစေရန် လမ်းပိုင်းအလိုက် သက်ဆိုင်ရာဌာနများဖြစ်သော လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ စာရင်းများကောက်ယူခြင်း၊ ပြန်လည်အစားထိုး ပြုပြင်မွမ်းမံ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တစ်ချို့မှာပြီးစီ၍ တစ်ချို့တစ်ဝက်မှာ ဆောင်ရွက်ဆဲ ဖြစ်ကြောင်းနှင့် အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ကုန်ကျစရိတ်မှာ ယခုခန့်မှန်းပျက်စီးဆုံးရှုံးမှုတန်ဖိုးထက် ပိုမို များပြားနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.