Connect with us

Environment, Disasters & Accidents

စာသင်ကျောင်းဆောင် ဆွေးမြေ့ပြိုကျသဖြင့် ကျောင်းသူ/သား ၃ ဦး ဒဏ်ရာရ

ကညှော်ကျေးရွာ ရပ်ကွက်(၁၂)ရှိ စာသင်ဆောင် ၀ရန်တာ ဆင့်တန်းများ ဆွေးမြေ့ ပြိုကျမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ၊ ချောင်းဆုံ မြို့နယ်၌ စာသင်ကျောင်းဆောင် ဆွေးမြေ့ပြိုကျမှု ဖြစ်ပွားခဲ့ရာ ကျောင်းသူ/သား ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရပ်ကွက်(၁၂)ရှိ အ.ထ.က(ကညှော်) ၂ ထပ်ကျောင်းဆောင်မှ အလျား ၁၀ ပေ၊ အနံ ၆ ပေခန့်ရှိ ဆင့်တန်းများ ဆွေးမြေ့မှုကြောင့် သြဂုတ် ၆ ရက် ၊ နေ့လည်ပိုင်း အချိန်တွင် ပျဉ်ခင်းနှင့် ဝရန်တာ ပြုတ်ကျ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒုတိယတန်းကျောင်းသူ/သား ၃ ဦး တို့တွင် ပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာများ (မစိုးရိမ်ရ) တို့ ရရှိခဲ့သဖြင့် ကညှော် တိုက်နယ်ဆေးရုံသို့ တင်ပို့ ကုသခဲ့ကြောင်း သိရသည်။(Xinhua)