Environment, Disasters & Accidents
ကရင်ပြည်နယ်၌ စက်လှေမှောက်၍ သုံးဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စက်လှေဖြင့်သွားလာနေစဉ် စက်လှေ နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘားအံခရိုင် ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာ၌ ချောင်းရေလျှံမှုကြောင့် စက်လှေများဖြင့်သာ သွားလာနေရပြီး ဒေါ်လန်းကျေးရွာဘက်မှ သာယာကုန်းကျေးရွာသို့ မောင်းနှင်သော လှေတစ်စီးသည် ဇူလိုင်လ(၂၈)ရက် မွန်းလွဲ(၂) နာရီက သာယာကုန်းကျေးရွာအနီး ရွှေညောင်ကွင်း အရောက်တွင် စက်လှေတိမ်းမှောက် နစ်မြုပ်ခဲ့ရာ စက်လှေပေါ် စီးနင်း လိုက်ပါလာသူ (၅)ဦးအနက် (၃)ဦး ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူ (၃)ဦးအား စက်လှေ တိမ်းမှောက်သည့် နေရာနှင့် ပေ(၁၀၀) အကွာတွင် ရေနစ်သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)