Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၌ ဆီဘောက်ဆာယာဉ် နှစ်စီး မီးလောင်၍ လူတစ်ဦး သေဆုံး

ဆီဘောက်ဆာယာဉ် နှစ်စီး မီးလောင်နေမှုအား တွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၌ ဇူလိုင်လ ၂၉ ရက်နေ့က ဆီဘောက်ဆာယာဉ် နှစ်စီး မီးလောင်၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆီဘောက်ဆာယာဉ်တစ်စီးပေါ်မှ တစ်စီးသို့ ရေနံစိမ်းများပြောင်းရွှေ့ထည့်နေစဉ် ကားဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းရာမှ တစ်ဆင့် မော်တော်ယာဉ်နှစ် စီး ဆုံးရှုံးခဲ့ကာ အမည်မသိ လူ ၁ ဦး(ကျားမခွဲမရ)သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်သေဆုံးမှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းများ ဖြစ်သည့် မောင်ဇော်၊ အောင်ပုနှင့် ရေနံချက်ဖို မန်နေဂျာ ကိုတင့်(၃၅)နှစ် တို့ ၃ ဦး(ဖမ်းမမိ)အား ဘုတလင်မြို့မရဲစခန်း(ပ) ၁၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု/မီးပေါ့ဆမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.