Connect with us

Environment, Disasters & Accidents

သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်း သတ်မှတ်ရေအမြင့် (၁၂၇)မီတာသို့ ရောက်ရှိ

သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်း အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ် ထိစပ်နယ်နိမိတ်အတွင်း တည်ဆောက် ထားသော သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းသည် ဇူလိုင်(၂၉)ရက် ညနေ ၄ နာရီ တိုင်းတာချက်အရ ရေအမှတ်(၁၂၆.၇) မီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

သတ်မှတ်ရေအမြင့်မှာ (၁၂၇) မီတာဖြစ်ပြီး အင်ဂျင်နီယာဆိုင်ရာ သတ်မှတ်ချက်အတိုင်း လိုအပ်ပါက ရေပိုလွှဲမှ ရေပိုရေလျှံများကို လွှတ်ရမည်ဖြစ်ကြောင်း၊ ဆည်အတွင်း ဝင်ရောက်သော ရေပမာဏမှာ တဖြည်းဖြည်းတိုးလာလျက်ရှိပြီး ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီတွင် သတ်မှတ်ဆည်ရေထက် ကျော်လာသဖြင့် အင်ဂျင်နီယာ နည်းစနစ် သတ်မှတ်ချက်အတိုင်း ရေပိုရေလျှံများကိုရေပိုလွဲွှမှ မူလချောင်းထဲသို့ လွှွဲထားခဲ့ရကြောင်း၊ ရေပိုလွဲွှတွင် နေ့/ည တာဝန်ချထားပြီး အင်ဂျင်နီယာများကိုယ်တိုင် ကြီးကြပ်လျက်ရှိကြောင်း၊ ယခုရေပိုလွှွဲမှ ရေပိုရေလျှံလွှတ်ခြင်းသည် ပုံမှန်လုပ်ငန်းဖြစ်ပြီး လိုအပ်ပါက ရေတံခါးအဖွင့်အပိတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.