Connect with us

Environment, Disasters & Accidents

ကလေးဝမြို့၏ တောင်-အရှေ့တောင်ဘက် (၁၉)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရ (၃.၇)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွား

ငလျင်လှုပ်ရှားမှုနှုန်းပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ကလေးဝမြို့၏ တောင်-အရှေ့တောင်ဘက် (၁၉)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၄)နာရီ၊ (၂၁)မိနစ်၊ (၄၆)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂၈)မိုင်ခန့် ကွာဝေးသော ကလေးဝမြို့၏ တောင်-အရှေ့တောင်ဘက် (၁၉)မိုင်ခန့်အကွာ ကို ဗဟိုပြု၍လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုငလျင်လှုပ်ရှားမှုကြောင့် ပျက်စီးဆုံးမရှုံးမှု မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.